လိင်စိတ်ဆန္ဒလျော့နည်းစေသော အကြောင်းရင်းများ
13-Apr-2017ဆန္ဒလျော့နည်းမှုဟာ ရုပ်ခန္ဓာကိုယ်ရဲ့ ပြဿနာဝေဒနာတွေကြောင့်ဖြစ်နိုင်တယ်။နောက်ပြီး စိတ်ပိုင်းဆိုင်ရာကြောင့်လဲ ဖြစ်နိုင်တယ်။
အမျိုးသမီးတစ်ယောက်က ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်နဲ့ကုထားဖူးတယ်။သားအိမ် ဒါမှမဟုတ် မမျိုးဥအိမ်ရောဂါကြောင့် ခွဲစိတ်ဖူးတယ်ဆိုရင် ဆန္ဒလျော့နည်းသွားတတ်တယ်။ ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုကြောင့်လည်း ဖြစ်တတ်ပါတယ်။မီးယပ်သွေးပေါ်ခါနီးချိန်၊သားသမီးမွေးဖွားပြီးစအချိန်၊မီးယပ်သွေးဆုံးချိန် စတာတွေများလည်း ဆန္ဒလျော့နည်းနေတတ်တယ်။
တချို့ဆေးဝါးများဟာလည်း လိင်ဆက်ဆံလိုမှုကို အဟန့်အတားဖြစ်စေတယ်။စိတ်ကျန်းမားရေးနဲ့ဆိုင်တဲ့ ဆေးများ ဥပမာ အိပ်ဆေးတွေ၊စိတ်ငြိမ်ဆေးတွေ၊မူးယစ်ဆေးတွေမှာ စိတ်ဆန္ဒလျော့သွားစေတတ်တယ်။အီစထရိုဂျင်ဆန့်ကျင်တဲ့ဆေးတွေ။အီစထရိုဂျင်ဆိုတာက အမျိုးသမီးလိင်ဟော်မုန်းပါ။ဥပမာ Tamoxifen ဆေး၊သန္ဓေတားဆေးတချို့ကလည်း လိင်ဆန္ဒလျော့နည်းစေတယ်။
Credit : Sexual Health Education book